ဒီပုံပြင်လေးကို ဟာသအနေနဲ့ ပြောခဲ့တဲ့ သူငယ်ချင်း ၀ကဖ ကတော့ ဒီလိုအဖြစ်ဆိုးနဲ့ စိတ်မကောင်းစွာကြဲုံ ခဲ့ရပါတယ်။
တခါတုန်းက Club တစ်ခုမှာ Dj က မျက်နှာကျက်မှာ မီးလောင်နေလို့ ပရိသတ် ကိုသတိပေးပါတယ်။ ခက်တာက Dj ဆိုတော့သိတဲ့အတိုင်း အကျင့်ပါပြီး the roof the roof the roof is on fire လို့ 1 Bar အော်လိုက်ရော အောက်က ပျော်နေတဲ့ ပရိသတ် ကနောက် 1 Bar လိုက်အော်တာပေါ့။ Dj ကနောက်1 Bar ထပ်အော်လိုက် ပရိသတ်က 1 Bar အော်လိုက်နဲ့ 8 Bar လဲရောက် မျက်နှာကျက်ကအခြေအနေမကောင်းလို့ Dj က Vol ပိတ်၊ လက်သီးလက်မောင်းတန်းပြီး the roof is on fire လို့ ကုန်းလဲအော်ရော၊ အောက်က ပရိသတ်က လည်း လက်တွေမြှောက်ပြီး အော်လိုက်တာကတော့ the roof is on fire......... " ၀ုန်း " ။
ဒီဟာသလေးကို ပြောပြတဲ့ သူငယ်ချင်း ၀ကဖ(၀င်းကျော်ဖြိုး) ကတော့ 2008 Newyear မှာ BKK က The Santika Club မှာကွယ်လွန်သွားခဲ့ပါတယ်။
ဝကဖ ရေ မင်းနဲ့ငါနဲ့နောက်ဆုံးမူးခဲ့တဲ့ Santika မှာ မင်းကြိုက်တဲ့ R&B လေးနားထောင်ပြီး မင်းရဲ့' ယ' မလေးနဲ့ပျော်နိင်ပါစေကွာ။